Tuesday, February 13, 2018


ဒီလို လျပ်စစ် ရေနွေးအိုး မျိုးအသုံးပြု
သူများ သတိထားစရာ




ဤအိုးတွင် ရေနွေးဆူလျှင် အလိုလျောက်ပိတ်ပေးမည့် switch,1သည် လက်ကိုင်ကိုင်း အပေါ်ထိပ် တွင်ရှိပြီး ရေဆူလျင်တက်လာသည့် ရေနွေးငွေ့၏ အပူချိန်ဖြင့်
ခလုပ်ကိုပိတ်စေ သော်လည်း အိုးထဲတွင်ရေ မရှိပါက ရေနွေးငွေ့
တက်မလာနိုင်သဖြင့် အလုပ်မလုပ်နိုင်ပါ။

Switch, 2 သည် အိုး၏အောက်ချေ
တွင် ကပ်လျက် ရှိပြီး ရေမပါပဲ power on
 မိသည့်အခါ အလိုအလျောက် ပိတ်နိုင်ရန်စီမံထား သော်လည်း မြင့်မားသည့် အပူချိန်ရမှ အလုပ်
လုပ်သောကြောင့် ကြာရှည်စွာ မေ့ထားမိပါက
 မီးဘေးအန္တရယ်
စိုးရိမ်ရသဖြင့်
ဤအိုးမျိုးကို အသုံးပြုလျှင်

(၁) အိုးထဲတွင်ရေလက်ကျန် ထားရန်နှင့်

(၂) အမြဲတန်း မီးပလပ်ကို မတပ်ထားရန်

သတိပြုသင့်ပါသည်။

AM,Aungyi



No comments:

Post a Comment