Sunday, February 5, 2023

✿AC induction motor ✿ တလုံး၏ မြင်းကောင်ရေ(horse power)

 ✿AC induction motor ✿

တလုံး၏ မြင်းကောင်ရေ(horse power)ကို rotor core☜ အားတိုင်းတာတွက်ချက်ခြင်းအားဖြင့် သိနိုင်ပါသည်။



ဤတွက်နည်းသည် 50Hz ကို အခြေခံ၍ တွက်ထားတာဖြစ်သည်အတွက်..

60Hz အသုံးပြုတဲ့ နိုင်ငံ-နေရာဒေသများမှာတော့ သိပ်အသုံးတည့်

မည် မထင်ပါ။

ပုံတွင်_ 

3Hp single မော်တတာလုံးကို အခြေခံ၍ တွက်



ပြထားပါသည်။

ဒီနည်းနှင့် ကိုယ်ပါတ်မည့် မော်တာ

တလုံး၏ ထွက်နိုင်သည့် စွမ်းရည်

သိရှိပီး winding အပြောင်းအလဲ

ဖြင့် မြင်းကောင်ရေ အတိုးအလျှော့

ကို ပြုလုပ်နိုင်သော်လည်း

လက်ရှိHpကို တိုး၍ပါတ်မည် ဆို

ရင်တော့ 

မိမိ ပါတ်မည့် မော်တာ၏ output -

Shaft , bearings တို့၏ ကြံ့ခိုင်ရေး

ကို သေချာ စစ်ဆေးပြီးမှ တိုး၍ ပါတ်

သင့်ပါသည်။

~~~~~~~~~~~~~~~~~~~~~





Thanks,


Wednesday, April 24, 2019

အဲကွန်း သုံးပြီဆိုရင်

အဲကွန်း သုံးပြီဆိုရင် အဲကွန်း Remote တော့
သုံးတတ်ဖို့လိုမှာပေါ့...✒✒

အဲကွန်းRemote မှာပါတဲ့
လုပ်ဆောင်ချက်တွေကတော့

ℹ On/off ဆိုတဲ့ခလုပ်ကတော့ အဲကွန်းကို
အဖွင့်အပိတ်လုပ်တဲ့ခလုပ်ပါ။တချက်နှိပ်ရင် ဖွင့်၊
နောက်တချက်နှိပ်ရင် ပိတ်ပေးပါတယ်။
ဖွင့်လက်စအဲကွန်းကို ချိန်ပြီးနှိပ်လိုက်ရင်
ပိတ်သွားပြီး၊ပိတ်နေတဲ့အဲကွန်းဆို
ပွင့်သွားပါလိမ့်မယ်။

♻ Mode ဆိုတဲ့ခလုပ်ရဲ့ လုပ်ဆောင်ချက်ကို
ပြောပြပါမယ်။တချက်နှိပ်ရင်
အဲကွန်းလုပ်ဆောင်ချက်
အနေနဲ့ 🔁✳🔆❇
Auto-Cool - Dry-Heat - Fan ဆိုပြီး
တခုချင်းစီပြောင်းပါလိမ့်မယ်။
*Auto မှာထားရင် အခန်းအပူချိန်-ပန်ကာလည်နှုန်း-
Outdoor unit အဖွင့်အပိတ်နဲ့လည်ချိန်တွေကို
အဲကွန်းထဲက Proccessor ကသူဟာသူ အလုပ်ပေးပါလိမ့်မယ်။
*Cool မှာထားရင် အဲကွန်းကအေးနေပါလိမ်မယ်။
ဒီအချိန်မှာ.Out door unit တခုလုံး အလုပ်လုပ်နေပါလိမ့်မယ်။သုံးစွဲသူက နှိပ်ထားတဲ့ အခန်းအပူချိန်
အောင်မရောက်မချင်း အဲကွန်းက လည်နေပါ
လိမ့်မယ်။
*Dry mode မှာလည်းအဲကွန်းက အေးနေပါမယ်။
ဒီအချိန်မှာအေးရုံသာမက အခန်းတွင်းက ရေငွေ့
ပမာဏကိုလည်း Cool နှိပ်ထားချိန်ထက် ပိုပြီးလျှော့ချပေးပါလိမ့်မယ်။
Fanကတော့..Low အခြေအနေမှာထက် နှေးနေပါလိမ့်မယ်။
ဒီအချိန်မှာ...Fan ရဲ့ လည်နှုန်းက..
Auto ဝင်နေလို့...Fan ရဲ့လည်နှုန်းကိုတော့ ကစားလို့ရမှာမဟုတ်ပါဘူး။

*Heat ဆိုတာကိုနှိပ်ထားပြီးချိန်ထားမယ်ဆိုရင်တော့
အဲကွန်းက အပူအအေးနှစ်မျိုး သုံးလို့ရတဲ့
ဟာဆိုရင်တော့ အခန်းတွင်းက Infoor က အပူကွိုင်ဖြစ်သွားပြီး Outdoor unitက အအေးကွိုင်အဖြစ်
ပြောင်းပြန်အလုပ်လုပ်ပေးပါလိမ့်မယ်။

*Fanဆိုတဲ့ အနေအထားမှာနှိပ်ထားပြီးချိန်ထားရင်တော့ အဲကွန်း Outdoor ကအလုပ်မလုပ်ပဲ
Indoor ပန်ကာ Fan ပဲအလုပ်လုပ်ပါလိမ့်မယ်။

အခန်းတွင်းမအေးတော့ပါ။
ပန်ကာချည်းသာလည်နေလို့ဖြစ်ပါတယ်။
တချို့ဆို ရီမုတ်ကွန်ထရိုးမှာ
ဒီအခြေအနေကို နှိပ်ထားပြီးအဲကွန်းမအေးလို့ဆိုပြီး
ပြင်တဲ့သူတွေလှမ်းခေါ်တော့ လမ်းစရိတ်ကုန်တာမျိုးရှိတတ်ပါတယ်။

🌡 Temp 🔺🔻လို့ရေးထားတဲ့ အခန်းရဲ့လေထုအပူချိန်ကိုကိုယ်လိုသလိုချိန်ဖို့ ဘယ် ညာ များနှစ်ခုလေးနဲ့ရေးထားတဲ့ အပူချိန်ချိန်ညှိခလုပ်ပါ။
အခန်းရဲ့အပူချိန်ကို ကိုယ့်အတွက်သက်သောင့်သက်သာဖြစ်စေမည့် အပူချိန်ကိုချိန်ရာမှာသုံးပါတယ်။
နှိပ်တဲ့အချိန်မှာ အဲကွန်း Indoor ရဲ့ ဆင်ဆာနေရာ
ကိုချိန်ပြီးနှိပ်ဖို့လိုပါတယ်။လူတစ်ယောက်အတွက် သက်သောင့်သက်သာဖြစ်တဲ့အပူချိန်က
ရာသီအလိုက်မှာရှိတဲ့ ပတ်ဝန်းကျင်အပူချိန်လိုက်လို့
နေ့ညလိုက်လို့ အပြောင်းအလဲရှိပါတယ်။
အဲကွန်းဖွင့်ထားပေမယ် သတိရမနေစေပဲ
ကိုယ့်အတွက်ချမ်းမှန်းပူအိုက်မှန်း သိမနေစေတဲ့ အပူချိန်ကတော့ အကောင်းဆုံးပါပဲ။
ရန်ကုန်မှာနေသူသာမန် ပေါင် 120 လောက်
လူတစ်ယောက်အတွက်ကောင်းမွန်တဲ့အပူချိန်ကတော့ နေ့ခင်းဖက်ဆို 23'C ကနေ 26'C
အတွင်းဆိုအတော်ပါပဲ။ညဖက်ဆိုရင်တော့..စောင်ခြုံအိပ်တတ်ရင်
21'C ကနေ 23'C အတွင်း အတော်ပါပဲ။
ရီမုတ်ကိုနှိပ်ပြီး16'C ထိအပူချိန် ကိုချိန်ထားတာမျိုးမလုပ်သင့်ပါဘူး။
16'C ထိ အပူချိန်ကိုနှိပ်ထားခြင်းဟာ
အခန်းရဲ့အပူချိန် အဲဒီလောက်ထိ ကျဆင်းသွားမှ စက်ကို ရပ်ပါလို့ပြောတာပါ။အခန်းအပူချိန် 16'Cဟာ
လူအများစုအတွက် ကျန်းမာရေးအရ မကောင်းပါဘူး။အေးလွန်းပါတယ်။အဲဒီအပူချိန်ထိ ကျဆင်းသွားဖို့ ဆိုတာလည်း တော်တော်များများအခန်းတွေအတွက် စက်ကို ဆက်တိုက် ရက်ရှည်မောင်းထားတောင်
မရောက်ပါဘူး။မီတာခလည်းပိုကုန်ပါတယ်။
အဲဒီအပူချိန်ကို ရောက်ခဲ့ရင်လည်း ကျန်းမာရေးအတွက် မကောင်းပါဘူး။တချို့က ဘာမှန်းမသိပဲ
အဲဒီအပူချိန်ထိ ချထားတတ်ပါတယ်။မလုပ်သင့်ပါ။

🌀 Fan လို့ရေးထားတဲ့ အဲကွန်း Indoor ရဲ့အထဲက
ပန်ကာ အမြန်နှုန်းကို ချိန်တဲ့ခလုပ်တခုပါ
ပါလိမ့်မယ် သူရဲ့အသုံးက..ပန်ကာအမြန်နှုန်းကို
အမြန်(Hi)၊အလည်အလတ်(M)၊အနှေး(L)
ချိန်ပေးရာမှာသုံးပါတယ်။တစ်ချက်နှိပ်ရင်
တမျိုးပြောင်းပါတယ် H-M-Lအစဉ်လိုက်ပြောင်းနေပါလိမ့်မယ်။အများစု ရီမုတ်တွေမှာတော့
မှန်ပြင်ထဲမှာအတုံးအကြီး ၊အလတ်၊အသေး ပြောင်းသွားတဲ့ပူံစံနဲ့ ပြပါလိမ့်မယ်။
ညအိပ်ချိနိတွေမှာတော့..အနှေး (L) မှာထားခြင်းဖြင့်
ဆူညံမှုသက်သာစေနိုင်ပါတယ်။

Swing 🔀🔀 ဆိုတာကိုတချက်ချင်းစီ
နှိပ်ပြီး အဲကွန်း
Indoor Unit ရဲ့ ရှေ့က Louvre ကိုအပေါ်အောက်ကစားတာနဲ့ကိုယ်ကြိုက်တဲ့နေရာမှရပ်ဖို့စောင့်ပြီး
နှိပ်လိုက်တာနဲ့အသေရပ်သွားဖို့ လုပ်နိုင်ပါတယ်။

 Timer 🕓🕔🕕🕕 ဆိုတဲ့ ခလုပ်နဲ့ အပူချိန်အတိုးအလျော့
မျှားတွေနဲ့ ပေါင်းစပ်နှိပ်ပြီး
ဲအဲကွန်း ကိုကြိုက်တဲ့အချိန်မှာ ပိတ်ဖို့
ကြိုက်တဲ့အချိန်မှာ ပြန်လည်ဖို့ အချိန်ဇယားပေးထားနိုင်ပါတယ်။

💪 Turbo ဆိုတဲ့ ခလုပ်ပါခဲ့ရင်တော့ အဲကွန်း
Indoor fan ကို အရှိမြန်မြန် နဲ့လည်ဖို့ ဖြစ်သွားပါလိမ့်မယ်။

အဲကွန်းရီမုတ်ကိုနှိပ်တဲ့အခါ Indoor unit ရဲ့
ဆင်ဆာကို သေချာချိန်ပြီး နှိပ်မှာသာ ကိုယ်လိုချင်တဲ့
ချိန်ဆမှုကို ရမယ်လို့ သတိပေးချင်ပါတယ်။
ရီမုတ်အလုပ်လုပ်ရင် အဲကွန်းကနေ " တီ" ဆိုတဲ့အသံလေးက နှိပ်လိုက်တိုင်းကြားနေရတတ်ပါတယ်။

Credit - ကိုနန္ဒမိုး


Wednesday, January 30, 2019

❀ALTERNATING CURRENT [AC]❀

 ❀ALTERNATING CURRENT [AC]❀
▇▇▇▇▇▇▇▇▇▇▇▇▇▇▇▇▇▇▇▇▇▇▇▇▇▇


Alternating Current (AC) သည် Direct
Current (DC) ကဲ့သို့ အဖိုငုတ် အမငုတ် သပ်မှတ် ရှိနေပြီး တဆက်တည်းစီးဆင်းနေ
သော လျှပ်စီးမျိုး မဟုတ်ပဲ၊

ငုတ် တစ်ခုချင်းစီ က အဖို တစ်လှည့် အမ 
တစ်လှည့် ပြောင်းလဲဖြစ်ပေါ်၍ လျှပ်စီးပါတ်
လမ်း (Circuit) အား ( +.V)(0.V)(-V)
အဖြစ် တလှည့်စီဖြစ်ပေါ်ပြီး အပြန်အလှန်
စီးဆင်းနေသည့် ပြတ်တောင်းပြတ်တောင်း
လျပ်စီးမျိုး ဖြစ်သည်။

Alternating Current (AC) အား Mechanisms မျိုးစုံ အတွက် WAVE မျိုးစုံ
(Sing Wave /Square Wave...etc,)
ဖန်တီးအသုံးပြုကြသည်။

Alternating Current (AC)ကို အနီးကပ်ဆုံး
လေ့လာနိုင် အတွက် ..

(2,Poles-50Hz-220V~Synchronus GENERATOR)
မီးထုတ်စက် တစ်လုံး တည်ဆောက်ကြည့်ပါမယ် 

ပြီးလျှင် ±V ၂မျိုးစလုံးပြနိုင်သည့် potential Meter တစ်ခု တပ်ဆင်၍ Rotor ကိုဖြည်းဖြည်း လှည့်ကြည့် လျှင် သံလိုက်ဝင်ရိုးစွန်းများ stator coin ပေါ်သို့
ရောက်လာချိန်တွင် ± V အမြင့်ဆုံးဖြစ်၍
stator coin ၂ခုအလယ် တွင် 0.V ဖြစ်သည်၊

2,Poles-Synchronus GENERATOR တွင်
Rotor တစ်ပါတ်လည်လျှင်
________________________
(0.V)(+.V)(0.V)(-.V) ဖြစ်သောကြောင့်
___________________
Wave အရ 1.Cycle ပြည့်သည်
[တနည်း။
 ၊ Revolutions per second (R/S) =Hz ဖြစ်သည်။]

50,Hz ရရှိရန် 
စက်အား အပါတ်ရေ (Revolutions per minute `RPM")မည်မျှ
လှည့်ရမလဲ...

2 Poles ဖြစ်သောကြောင့် Rotor တပါတ်လည်လျှင် 1.Cycle =1.Hz

1.Sec =1*50 
1.Min =1*50*60 =3000
          = 3000.RPM လှည့်ရမည်။

တွက်နည်း
_________

Ns=(120F)/p
Ns=(120*50)/2
Ns=3000 RPM,

ထို့ကြောင့် နေ့စဉ် အသုံးပြု နေသော လျှပ်စစ်
မီး {Alternating Current (AC)} သည်..တဆက်တည်း 'လင်း' နေခြင်းမျိုး မဟုတ်ပဲ 1.Sec တွင် အကြိမ် ၁၀၀ စီ လင်း
, မှိတ် လျက်ရှိသည်။

_____________________________________

ဆက်လက်၍ Revolutions per minute,
Frequency, Volts တို့ လွဲမှား မှုကြောင့်
Motor,Transformer တို့ အသုံးပြုရာတွင်
ဖြစ်တတ်သော ပြဿနာ အချို့ကို ဖော်ပြပါ
မည်။

Sunday, April 1, 2018

▇▇▇ Mind's Wave ▇▇▇
▂▂▂▂▂▂▂▂▂▂▂▂▂▂▂
...
ကျနော်တို့သတိမထားမိ၊သတိထားနေသော်
လည်း မတားဆီး နိုင်တဲ့အကြောင်း
အရာတခုဟာ ကျနော်တို့ရဲ့ခန္တာကိုယ်
ပေါ်မှာ နေ့စဉ်ဖြစ်ပျက်နေပါတယ်၊
အဲ့ဒါကတော့ ကျနော်တို့ရဲ့`စိတ်´အတွေး
အကြံ (mind signals)များကို အဆက်မပြတ်တုန်ခါနေတဲ့ဦးနှောက်ရဲ့အစိပ်အ
ပိုင်းတခုကနေ carrier wave အဖြစ်
သယ်ဆောင်ပြီး စကြ၀ဠာ ကြီးအတွင်းသို့
အစဉ်မပြတ် ပို့လွှတ်နေခြင်းပင် ဖြစ်ပါ၏၊

■■
ထို့နည်းတူ frequency တူညီသော တခြားသူများ ၏..transmission signal
ကိုလက်ခံသော receiver အဖြစ်လည်း
တည်ရှိနိုင်သည်၊(like,radio tuning)
ထို့ကြောင့် ကမ္ဘာ့တောင်ဘက်ခြမ်းမှ လူနှင့်
မြောက်ဘက်ခြမ်းမှလူ တယောက်
တို့ Telepathic နည်းဖြင့်အောင်မြင်စွာ
ဆက်သွယ်ပြနိုင်ခဲ့ကြခြင်းဖြစ်မည်၊

■■
လူတို့သည် frequency 20,Hz 22K,Hz
အတွင်းရှိအသံများကိုသာ ကြားနိုင်ကြ
သည် ထို့ကြောင့်သာမိမိဦးနှောက်၏
Frequency ကိုမကြားနိုင်ကြသော်လည်း
ကြားရသည့်အချိန်များရှိနိုင်ပါသည်၊

(၁)အိပ်ရေးအလွန်အမင်းပျက်လျှင်
(၂)ရောဂါတခုခုကြောင့် weakဖြစ်လျှင်
(၃)မသန့်ရှင်းသောလေကို အမြဲတန်း
     ရှူခြိုက်နေရလျှင်
(၄) အန္တရယ်ရှိသော chemical ပါသည့်
 . . အစားအသောက် များစားမိလျှင်
(၅)အရက်နာကျလျှင် ;)

ငယ်ရွယ်သူများ၊ကျမ္မာသန်စွမ်းသူများမကြားနိုင်ပါ
~~~~~
အားနည်းလာရင် ပထမဆုံး နားလေထွက်
သည်ဆိုသော`ရှဲရှဲ´သံ ထိုထက်နိမ့်လျှင်
`စီစီ´သံ ထိုထက်နိမ့်လျှင် ပုရစ်အော်သံ
`တွီတွီ´ထိုထက်နိမ့်လျှင်.. ...အရက်ကို
တုံးတိဖြတ်၍ ညဆက်အိပ်မပျော်တော့
သောအခါ`ဝီဝီ´အသံများနှင့်အတူ မိမိ
စိတ်ကပြောသောအသံများ တခြားမထင်မှတ်သောအသံများ ကြားလာရမည်
(၄င်းကို အရက်ကြောင်ခြင်းဟုခေါ်၏ :D
ကျား..အများစုကြုံဖူးတန်ရာ၏ ယူတတ်
ရင်ပညာရပါတယ်)

■■
လူတို့ကြားနိုင်သော အသံကို electromagnetic wave အဖြစ် တိုက်ရိုက် မထုတ်လွှင့်နိုင်သဖြင့် တိကျသော
Carrier wave တခုခုဖြင့်သာ frequency mixer လုပ်၍Transmitter &Receiverများတည်ဆောက်လာကြတာ..amplitude
modulation (AM)k,Hz မှ Frequency modulation (FM)M,Hz
GHz.အထိ တိုးတက်ပြောင်းလဲထုတ်လုပ်
လာကြတာမှာ စွန့်ဦးတီထွင်ခဲ့ကြသော
ပညာရှင်များအနေဖြင့် Low frequency
၏ ကောင်းကြိုးဆိုးပြစ်ကို မတွေ့ခဲကြဟန်
မတူ security တခုခုကြောင့်သာချန်လှပ်
ခဲ့ခြင်းဖြစ်နိုင်၏ ထို့ကြောင့် မည်သည့်
Radio တွင်မှ 50KHz ထက်နည်းသော
Services ကိုမတွေ့ရပါ၊

■■
ဆိုလိုသည်မှာ ယနေ့.ကြောက်စရာကောင်း
အောင် တိုးတက်လာသော
သိပ္ပံခေတ်ကြီးတွင် မည်သူတဦးတယောက်
တွင်မှငါတယောက်တည်းသိ
သည်ဟူသောအရာ မရှိနိုင်တော့ပါ

(မိမိ တွေးသမျှကို သိနေနိုင်သူများ မိမိ အနားတွင် ရှိနေနိုင်သည်ကို အမြဲသတိရပါ)

မကောင်းမှု၊ကောင်းမှု မှန်သမျှ စိတ်ကွယ်ရာမရှိနိုင်ပြီ...

■■
အကြောင်းတခုခုကြောင့် မိမိ၏စိတ် မလုံ
ခြုံမှုကိုခံစားလာခဲ့ရလျှင် ကမ္ဘာပေါ်တွင်
တုနှီုင်းမမြင်.တခုတည်းသာရှိသည့်
ဗုဒ္ဓ ဘာသာ၏ အဆုံးအမဖြစ်သော
မေတ္တာ တရားထုံလွှမ်းခြင်း
ဝိပဿနာ တရားကျင့်ကြံအားထုတ်ခြင်း
ဖြင့်သာကျော်လွှားနိုင်ပါမည်၊
ထို့ကြောင့် ပညာရှင်ကြီးအိုင်းစတိုင်းက
ဤကမ္ဘာကို ဗုဒ္ဓသာသနာလွှမ်းခြုံမည်
ဟုဟောခဲ့ဟန်တူ၏။

■■
ဗြဟ္မစိုတရားလက်ကိုင်ထားနိုင်ကြပါစေ

[2008တွင် ပြည်ပသတင်းဌာနတခုမှ
ကြေ ငြာ သော2010မှစ၍ ကမ္ဘာပေါ်ရှိ
လူတိုင်း၏စိတ်ကူးနှင့်လုပ်ရပ်များကို
ကွန်ပျူတာ များမှအလိုလျှောက်မှတ်တမ်း
တင်သွားမည်၊ဟူသောသတင်း အားတွေးမိ၍ .ဤစတက်တတ်အားရေးပါသည် မည်သည့်
သက်သေပြစရာမျှမရှိပါ။

❀❀ ကျေးဇူး တင်ပါတယ်။❀❀


This Poem was real my own.No cpoy,
no shadow!!!
https://m.facebook.com/uaung.aung.79


Friday, February 16, 2018

ONLINE EXCHANGER

သုံးလို့ အဆင်ပြေတဲ့ exchangerလေးပါ၊

အချိန်နဲ့ တပြေးညီ- ရာင်း/ဝယ် လို့ရပါတယ်၊

NO-PENDING ပါ။
😃
Line ပေါ်မှာ အချင်းချင်း ရာင်းဝယ် နေရတာ

ထက်, အများကြီး ပို အဆင်ပြေပါတယ် ၊

1$,PM ကစပြီး ဝယ်/ရာင်း နိုင်ပါတယ်။

ရှာတွေ့တဲ့ ONLINE EXCHANGERS
တွေ ထဲက ငွေအမောင့် အနဲဆုံး_ဝန်ဆောင်ခ အနဲဆုံး_စာင့်ချိန် အနဲဆုံး EXCHANGER
 တစ်ခု
မိုလို့ လိုအပ်သူတွေ အလွယ်တကူ သုံးနိုင်
အောင်တင်ပေးလိုက်ပါတယ်။

Changer.com - Instant Exchanger



ဒီမှာ SIGNUP ဝင်ပါ။
Changer.com - Instant Exchanger



CURRENCY ရွေးပါ၊







TRANSACTION တချို့ကိုပြပေးထား
ပါတယ်၊

အဆင်ပြေကြပါစေ။
လိုင်းပေါ်က လူလိမ်များရန်မှလည်း
ကင်းဝေးကြပါစေ။

ကျေးဇူး တင်ပါတယ်။ 

AM,AUNGYI

Tuesday, February 13, 2018


ဒီလို လျပ်စစ် ရေနွေးအိုး မျိုးအသုံးပြု
သူများ သတိထားစရာ




ဤအိုးတွင် ရေနွေးဆူလျှင် အလိုလျောက်ပိတ်ပေးမည့် switch,1သည် လက်ကိုင်ကိုင်း အပေါ်ထိပ် တွင်ရှိပြီး ရေဆူလျင်တက်လာသည့် ရေနွေးငွေ့၏ အပူချိန်ဖြင့်
ခလုပ်ကိုပိတ်စေ သော်လည်း အိုးထဲတွင်ရေ မရှိပါက ရေနွေးငွေ့
တက်မလာနိုင်သဖြင့် အလုပ်မလုပ်နိုင်ပါ။

Switch, 2 သည် အိုး၏အောက်ချေ
တွင် ကပ်လျက် ရှိပြီး ရေမပါပဲ power on
 မိသည့်အခါ အလိုအလျောက် ပိတ်နိုင်ရန်စီမံထား သော်လည်း မြင့်မားသည့် အပူချိန်ရမှ အလုပ်
လုပ်သောကြောင့် ကြာရှည်စွာ မေ့ထားမိပါက
 မီးဘေးအန္တရယ်
စိုးရိမ်ရသဖြင့်
ဤအိုးမျိုးကို အသုံးပြုလျှင်

(၁) အိုးထဲတွင်ရေလက်ကျန် ထားရန်နှင့်

(၂) အမြဲတန်း မီးပလပ်ကို မတပ်ထားရန်

သတိပြုသင့်ပါသည်။

AM,Aungyi